ဖိလစ်ပိုင်သည် အဏ္ဏဝါနယ်မြေဥပဒေ ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်သည်ဟု ဆို

(GMT+08:00)2024-11-09 11:55:22  

နိုဝင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ သတင်းထောက်တစ်ဦးက ဖိလစ်ပိုင်၏ “အဏ္ဏဝါနယ်မြေဥပဒေ” နှင့် “archipelago နှင့် ပင်လယ်လမ်းများဥပဒေ” ဟုခေါ်သည့် ပြဋ္ဌာန်းချက် အကြောင်းကို မေးမြန်းခဲ့သည်။ ယင်းနှင့်ပတ်သက်၍ မော်နင်က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ် နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးကို ဆင့်ခေါ်ထားပြီး တည်ကြည်လေးနက်စွာ အရေး ဆိုထားကြောင်း ပြောကြားခဲ့သည်။

မော်နင် က ဖိလစ်ပိုင်နိုင်ငံ၏ အဏ္ဏဝါနယ်မြေဥပဒေဟူသည်တွင် တရုတ်နိုင်ငံ၏ ဟွမ်ယန်ကျွန်း နှင့် နန်ရှား ကျွန်းစု၏ အများစုကျွန်းများနှင့် သက်ဆိုင်ရာသန္တာကျောက်တန်းများကို ဖိလစ်ပိုင် ပင်လယ် ရေပိုင်နက်အတွင်းသို့ တရားမဝင်ထည့်သွင်းထားပြီး ပြည်တွင်းဥပဒေပြုရေးနည်းလမ်းဖြင့် တောင် ပင်လယ် ဆိုင်ရာ တရားမဝင် အနုညာတ စီရင်ဆုံးဖြတ်မှုကို ခိုင်မာစေရန် ကြိုးပမ်းကာ ယင်းလုပ်ရပ်သည် တရုတ်နိုင်ငံ၏ တောင်ပင်လယ်တွင် ပိုင်နက်အချုပ်အခြာအာဏာနှင့် ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ဆိုးရွားစွာ ကျူးလွန်၍ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ပြောကြားခဲ့ သည်။