ရှန်ဟိုင်း၌ ကျင်းပနေသော ၇ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည် ပြပွဲတွင် ဆန်းသစ်တီထွင်ရေး ဒစ်ဂျစ်တယ်၊ အစိမ်းရောင်၊ စမတ် ကုန်ပစ္စည်း အသစ် များကို ပထမဆုံးအကြိမ် ပြသနေပါသည်။
နိုင်ငံတကာ ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို အတူ မျှဝေ ခံစားသည့် အရေးကြီး ပလက်ဖောင်း အဖြစ် လွန်ခဲ့သည့် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ၆ ကြိမ်အတွင်း ကိုယ်စားပြုနိုင်သော ကုန်ပစ္စည်းအသစ်၊ နည်းပညာအသစ်၊ ဝန်ဆောင်မှုအသစ် ၂၅၀၀ ခန့်ကို ပထမဆုံးအကြိမ် ပြသခဲ့ဖူးပါသည်။ ယခုနှစ် ကုန်စည် ပြပွဲတွင်လည်း ပထမဆုံးအကြိမ် အဖြစ် ကုန်ကြမ်းအထည်ပစ္စည်းအသစ် ပြသဇုန်ကို ထားရှိပြီး ဆန်းသစ်တီထွင်ရေး ကုန်ပစ္စည်းအသစ် ၄၀၀ ကျော်ကို ပထမဆုံးအကြိမ် ပြသနေ ပါသည်။
နိုင်ငံခြား ကုမ္ပဏီတွေက အဘယ်ကြောင့် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲတွင် ဆန်းသစ်တီထွင်ရေး ကုန်ပစ္စည်းအသစ်များကို ပြသနေကြသနည်း။
တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသည် ကမ္ဘာ့ ပထမဆုံးသော သွင်းကုန်ကို အဓိကအဖြစ်ထားသည့် နိုင်ငံအဆင့် ကုန်စည်ပြပွဲ ဖြစ်ပြီး နိုင်ငံခြား ဆန်းသစ်ကုန်ပစ္စည်းများ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန်နှင့် ကုန်ပစ္စည်းအသစ်များ၊ နည်းပညာအသစ်များ စီးပွားဖြစ် ဖော်ဆောင်ရန်အတွက် ပလက်ဖောင်းကို ဖန်တီးပေးနေပါသည်။
လူဦးရေ သန်း ၁၄၀၀ ကျော်နှင့် အလယ်အလတ် ဝင်ငွေ ဖြစ်သူ သန်း ၄၀၀ ကျော် ရှိသည့် တရုတ်ဈေးကွက်ကြီးသည် နိုင်ငံတကာ ကုန်ပစ္စည်းအသစ်များနှင့် နည်းပညာအသစ်များ အတွက် ကောင်းမွန်သော ဈေးကွက်များကို ဖန်တီးပေးနေပါသည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်အတွင်း တရုတ်နိုင်ငံသည် သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲရေး အခွင့်အလမ်းများကို ထိထိမိမိ အသုံးချပြီး ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေး မဟာဗျူဟာကို ဖော်ဆောင်ကာ နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများအတွက် ဆန်းသစ်တီထွင်ရေး အခြေအနေ ကောင်းကို ဖန်တီးပေးခဲ့ပါသည်။
တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲတွင် နိုင်ငံခြားလုပ်ငန်းရှင်များသည် ကုန်အမှာစာ၊ ဈေးကွက်နှင့် ဆန်းသစ်တီထွင်မှုများကို ရရှိနိုင်မည်သာ မကဘဲ တရုတ် အသွင်ပုံစံ ခေတ်မီရေး တွန်းအားပေးခြင်းဖြင့် ဆောင်ကြဉ်းလာသော အကန့် အသတ် မဲ့ အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဟု China Media Groupမှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။