နိုဝင်ဘာလ ၈ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း မြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တိုင်းရေးပြည်ရာကိစ္စဖြင့် ခရီးလှည့်လည် လာသော အီတလီနိုင်ငံသမ္မတ Mattarellaနှင့် တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က နှစ်ဖက်တို့သည် တရုတ်နှင့်အီတလီ အစိုးရကော်မတီနှင့် နယ်ပယ် အသီးသီး၌ ဆွေးနွေးရေးစနစ်များ၏ အခန်းကဏ္ဍကို အပြည့်အဝ ဖော်ဆောင်ပြီး ကူးလူး ဖလှယ်မှုကို အားဖြည့်၍ အပြန်အလှန်ယုံကြည်မှုကို ပိုမိုခိုင်မာစေကာ တစ်ဖက်သား၏ အမြုတေ အကျိုးစီးပွားနှင့် အဓိကအာရုံစူးစိုက်မှုကို ဆက်လက် ထောက်ခံပြီး အပြန်အလှန် ထောက်ခံကြသော မဟာဗျူဟာမိတ်ဖက် ဖြစ်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အီတလီမှ အရည်အသွေးကောင်း ထုတ်ကုန်ပစ္စည်းများကို တိုးချဲ့ တင်သွင်းလိုပြီး နှစ်နိုင်ငံကုမ္ပဏီများ အပြန် အလှန် ရင်းနှီးမြှုပ်နှံမှုကို ထောက်ခံကာ သိပ္ပံနည်းပညာဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်း စောင့် ရှောက် ရေး၊ သန့်ရှင်းသောစွမ်းအင်၊ အာကာသလုပ်ငန်း စသောနယ်ပယ်များ၌ ပူးပေါင်း ဆောင် ရွက်မှုများကို ဆက်လက်မြှင့်တင်လို ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
Mattarellaက အီတလီနှင့်တရုတ်နိုင်ငံတို့သည် ယဉ်ကျေးမှု၊ ပညာရေး၊ ဘာသာစကား သင်ကြားရေး၊ အမွေအနှစ်နေရာများ စသောလူမှုယဉ်ကျေးမှုနယ်ပယ်များ၌ ကူးလူး ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးနက်ရှိုင်းစေပြီး အရှေ့တိုင်း နှင့် အနောက်တိုင်းယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် လူသား ယဉ်ကျေးမှုတိုးတက်ရေးကို တွန်းအားပေးရန်အတွက် အကျိုးပြု စွမ်းဆောင် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။