တရုတ်နှင့် အမေရိကန်တို့သည် အပြန်အလှန် လေးစားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု အမေရိကန်ဆိုင်ရာ တရုတ် သံအမတ်ကြီးဆို

(GMT+08:00)2024-11-09 16:29:14  

  နိုဝင်ဘာလ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ရှယ့်ဖုန်းသည် ကမ်းလှမ်းချက်အရ အမေရိကန်-တရုတ် ကုန်သွယ်ရေး ကောင်စီ၏ တရုတ်နှင့် အမေရိကန် သံတမန် ဆက်ဆံရေး ထားရှိခဲ့ခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲတွင် ဗီဒီယိုပုံစံဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

   ရှယ့်ဖုန်းက သမ္မတ ရှီကျင့်ဖိန်မှ ဖော်ပြခဲ့သော အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဟူသည့် မူသုံးရပ်သည် တရုတ်နှင့် အမေရိကန် ဆက်ဆံရေး လမ်းစဉ်တစ်လျှောက်မှ ရရှိသော လေးနက်သည့် အတွေ့အကြုံများကို စုစည်းထားခြင်း ဖြစ်သည့်အပြင် ခေတ်သစ်တွင် နှစ်နိုင်ငံအကြား မှန်ကန်သော ဆက်ဆံရေး လမ်းကြောင်းလည်း ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တစ်ဖက်သား၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လည်းကောင်း၊ တစ်ဖက်သား၏ ဖွံ့ဖြိုးရေးလမ်းကြောင်းကို လည်းကောင်း၊ တစ်ဖက်သား၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးကို လည်းကောင်း၊ တစ်ဖက်သား၏ အမြုတေ အကျိုးစီးပွားနှင့် အလေးထားသော အချက်များကို လည်းကောင်း လေးစားသင့်ကြောင်း ပြောကြားခဲ့ပါသည်။