တရုတ်နိုင်ငံသည် အမေရိကန်ကုမ္ပဏီများအတွက် အမြဲတမ်း အရေးကြီးသော ဈေးကွက်ဖြစ်သည်ဟု အမေရိကန်-တရုတ် ကုန်သွယ်ရေး ကောင်စီ ဥက္ကဋ္ဌ ဆို

(GMT+08:00)2024-11-09 11:57:56  

အမေရိကန်-တရုတ် ကုန်သွယ်ရေး ကောင်စီသည် တရုတ်နိုင်ငံ၌ စီးပွားရေးလုပ်ကိုင်နေသော အမေရိကန် ကုမ္ပဏီပေါင်း ၂၀၀ ကျော် ပါရှိသည့် အဖွဲ့အစည်းတစ်ခု အနေနှင့် ၇ နှစ် ဆက်တိုက် ရှန်ဟိုင်း သွင်းကုန် ကုန်စည်ပြပွဲတွင် ပါဝင်နေပြီဖြစ်သည်။

မကြာခင်ရက်များက CMG သတင်းထောက်သည် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွင် ကာလကြာရှည်စွာ ပါဝင်လုပ်ဆောင်ခဲ့သည့် အမေရိကန်-တရုတ် ကုန်သွယ်ရေး ကောင်စီ ဥက္ကဋ္ဌ Craig Allen အား သီးသန့်အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့သည်။

Craig Allenက သွင်းကုန် ကုန်စည်ပြပွဲ သည် ၎င်းတို့အတွက် တရုတ်ကုမ္ပဏီများနှင့် ဆက်သွယ်ရန် တံတားတစ်ခု ခင်းကျင်းပေးရုံသာမက တရုတ်ဈေးကွက်၏ ကြီးမားသော တိုးတက်မှု အလားအလာကြောင့် အမေရိကန်ကုမ္ပဏီများသည် တရုတ်နိုင်ငံအပေါ် ဆက်တိုက် အာရုံစိုက် စေခဲ့ ကြောင်း၊ တရုတ်နိုင်ငံသည် မိမိတို့အတွက် အလွန်အရေးကြီးသော ဈေးကွက်တစ်ခု ဖြစ်မြဲဖြစ်နေပြီး တရုတ်ဈေးကွက်တွင် ပို့ကုန်ရောင်းချမှုများကို အားကောင်းစေရန် ကြိုးပမ်း ဆောင်ရွက် မည် ဖြစ် ကြောင်း ပြောကြားခဲ့ သည်။