ဒေသစံတော်ချိန် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် ရှီဂယ်ရူ အီရှီဘာသည် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒေါ်နယ် ထရမ့် အား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု ဂျပန်ကျိုဒိုသတင်းအေဂျင်စီမှ သတင်းအရ သိရပါသည်။ ရှီဂယ်ရူ အီရှီဘာသည် ထရမ့် အရွေးခံရခြင်းအတွက် ဂုဏ်ပြုခဲ့ပြီး နှစ်ဖက်တို့သည် ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကာ မျက်နှာချင်းဆိုင် တွေ့ဆုံမှုကို တတ်နိုင်သမျှ အမြန်ဆုံး ကျင်းပရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု FP သတင်းဌာနက ဖော်ပြခဲ့ ပါသည်။