တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၊ G20 ခေါင်းဆောင်များ ၁၉ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန်နှင့် ဘရာဇီးသို့ တရားဝင် ခရီးလှည့်လည်ရန် Rio de Janeiroသို့ သွားရောက်မည့် အခါသမယတွင် China Media Group၏ ရုပ်ရှင် နှင့် ရုပ်သံအစီအစဉ်ကောင်းများ ထုတ်လွှင့်ပြသခြင်း လှုပ်ရှားမှုကို မကြာခင်က São Paulo၌ စတင် ကျင်းပခဲ့ကြောင်း၊ “ရှီကျင့်ဖိန်နှင့် ဆုံတွေ့ခြင်း” အပါအဝင် CMG၏ ရုပ်ရှင်နှင့် ရုပ်သံအစီအစဉ်ကောင်း ၂၀ကျော်ကို ဒေသခံ အဓိက မီဒီယာများတွင် တစ်ပြိုင်တည်း ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သတင်းအရ သိရသည်။
တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiongက China Media Groupနှင့် ဘရာဇီး မီဒီယာများ ပူးပေါင်းပြီး ၄င်းရုပ်ရှင်နှင့် ရုပ်သံ အစီအစဉ်ကောင်းများ ထုတ်လွှင့်ပြသမှုကို ကျင်းပကြ ခြင်းသည် တရုတ်-ဘရာဇီး လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို ရင်းနှီးစွာ ပြုလုပ်ပြီး တရုတ်-ဘရာဇီး ပြည်သူများ၏ ခင်မင်ရင်းနှီးမှု ကို ခိုင်မာစေရန် အပြု သဘောဆောင်သော ဆောင်ရွက်ချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။