နိုဝင်ဘာလ ၆ ရက်နေ့က တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် Maia Sandu အား Moldova နိုင်ငံ သမ္မတအဖြစ် အရွေးခံရပြီး၊ သမ္မတ တာဝန် ဆက်လက် ထမ်းဆောင်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က တရုတ်နှင့် Moldova နိုင်ငံတို့သည် ချစ်ကြည်ရေး အစဉ်အလာ ရှိသော မိတ်ဆွေများဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များက နှစ်နိုင်ငံဆက်ဆံမှုသည် တည်ငြိမ်စွာ ဖွံ့ဖြိုး လျက်ရှိပြီး Belt & Road အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ချောမောစွာ တွန်းအားပေးလျက်ရှ ိကြောင်း၊ ကျွန်တော်သည် တရုတ်- Moldova ဆက်ဆံမှု ဖွံ့ဖြိုးရေး အပေါ် အလွန်အလေးထားပြီး သမ္မတ Maia Sandu နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်စွာ ဆက်တိုက် ဖွံ့ဖြိုးရန်အတွက် ဦးဆောင်သွားလိုပါကြောင်း သဝဏ်လွှာ တွင် ဖော်ပြခဲ့ပါသည်။