ရှီကျင့်ဖိန်သည် APEC အဖွဲ့ ၃၁ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးနှင့် G20 ခေါင်းဆောင်များ ၁၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်

(GMT+08:00)2024-11-08 14:59:57  

   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ် က ပီရူးသမ္မတနိုင်ငံ သမ္မတ Boluarte၏ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖိန် သည် ၃၁ ကြိမ်မြောက် APEC ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန်နှင့် ပီရူး နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ရန် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ လီမာမြို့သို့ သွားရောက်မည်ဖြစ်သည်။

   ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတ Lula ၏ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖိန် သည် ရီယိုဒီဂျနေရိုးသို့ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ သွားရောက်မည်ဖြစ်ပြီး G20 ခေါင်းဆောင်များ၁၉ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကာ ဘရာဇီး နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်သည်။