နိုဝင်ဘာလ ၇ရက်နေ့က ကျင်းပခဲ့သော တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yongqianက အောက်တိုဘာလ ၂၅ရက်နေ့က ဝန်ကြီး Wang Wentao နှင့် ဥရောပသမဂ္ဂကော်မရှင် အမှု ဆောင်ဒုတိယဥက္ကဋ္ဌ ၊ ကုန်သွယ်ရေးကော်မတီဝင် Dombrovskisတို့သည် ဗီဒီယိုဖြင့် တွေ့ဆုံ ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုကို ဖြေရှင်းရန် နိုင်ငံရေး ဆန္ဒများကို ထပ်မံပြောကြားခဲ့ကြပြီး ဥရောပသမဂ္ဂမှ တရုတ် လျှပ်စစ် ကားများအပေါ် ထောက်ပံ့ ကြေးပေးခြင်းဆန့်ကျင်မှုကိစ္စအတွက် ဈေးနှုန်းကတိပြုချက်ကို ဖြေရှင်းရေး နည်းလမ်း အဖြစ် ဆက်လက်အသုံးပြုရန် ရှင်းလင်းပြတ်သားစွာ ဖော်ပြကြကြောင်း၊ အောက်တိုဘာလ ၂၉ ရက် နေ့က ဥရောပသမဂ္ဂသည် နောက်ဆုံးစီရင်ဆုံးဖြတ်ချက်ရလဒ်ကို ထုတ်ပြန်ခဲ့ပြီး တစ်ချိန် တည်းတွင် ဈေးနှုန်းကတိပြုချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဆက်လက်ညှိနှိုင်း ဆွေး နွေးမည်ဟု ဖော်ပြခဲ့ကြောင်း၊ ဥရောပသမဂ္ဂ နည်းပညာအဖွဲ့သည် နိုဝင်ဘာလ ၂ရက် နေ့က ဘေကျင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နှစ်ဖက် တို့သည် “လက်တွေ့ ကျပြီး ညီမျှသော”မူအရ ဈေးနှုန်း ကတိပြုချက် နည်းလမ်းအသေးစိတ် အကြောင်း အရာနှင့် ပတ် သက်၍ ညှိနှိုင်းဆွေးနွေးနေကြကြောင်း၊ ပြောကြားခဲ့ပါသည်။
ဥရောပသမဂ္ဂမှ တရုတ်နိုင်ငံ၏လျှပ်စစ်ကားများအပေါ် အခွန် တိုးကောက်ခြင်းနှင့် ပတ်သက်၍ တရုတ်နှင့်ဥရောပတို့သည် ဈေးနှုန်းကတိပြုချက်နည်းလမ်းကို ညှိနှိုင်း ဆွေး နွေး နေဟု တရုတ်ဆို
(GMT+08:00)2024-11-08 15:07:36