တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာလ ၇ရက်နေ့က ကူမင်းမြို့၌ မဟာ မဲခေါင်မြစ် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဋ္ဌမ အကြိမ် ခေါင်းဆောင်များ အစည်း အဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဗီယက်နမ်ဝန်ကြီးချုပ် Phạm Minh Chính နှင့်အတူ ချုံချင့်မြို့၌ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးထားရှိရန် စာချုပ် လွှဲပေးရေးအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
လီချန်က တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံပါတီနှင့် နှစ်နိုင်ငံ အကြီးအကဲတို့၏ သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးပမ်းလိုကြောင်း၊ အကြီးအကဲများ အကြား ကူးလူးဆက်ဆံရေးကို ရင်းနှီးစွာဆောင်ရွက်လို ကြောင်း၊ ချစ်ကြည်ရေးအစဉ်အလာကို ထွန်းကားစေလိုကြောင်း၊ စည်းလုံးညီညွတ်ပြီး ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း ထူထောင်မှုကို အဆက်မပြတ် တွန်းအားပေးလိုကြောင်း၊ နှစ်နိုင်ငံပြည်သူများ အတွက် ပိုမိုများပြားသော သုခချမ်းသာမှုများ ဖန်တီးပေးလိုကြောင်း ပြောကြားခဲ့ပါသည်။