နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် တွေ့ဆုံခဲ့သည်။
ရှီကျင့်ဖိန်က အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စနိုင်ငံများ၏ အရေးပါသော ကိုယ်စားလှယ်များအနေဖြင့် တရုတ်နှင့် မလေးရှားတို့သည် နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များတွင် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ပူးတွဲဆန့်ကျင်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်မှုနှင့် အဆင်ပြေလွယ်ကူစေမှုများ မြှင့်တင်ရန်၊ ကမ္ဘာ့ စီမံအုပ်ချုပ်ရေးစနစ်အား ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်ရမည်ဟု ပြောကြားပါသည်။
အန်ဝါက မလေးရှားအစိုးရသည် တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းလာစေရန်နှင့် သတင်းအချက်အလက်နည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စွမ်းအင်စသည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။