နိုဝင်ဘာလ ၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။
မေး။ ။ အမေရိကန် သမ္မတ ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်ပြီးဖြစ်ရာ ရီပတ်ဘလီ ကန်ပါတီ အရွေးခံပုဂ္ဂိုလ် ထရမ့် ရွေးချယ်တင်မြှောက်ခံရခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ သည် ဘယ်လိုသဘောထား ရှိပါသလဲ။
ဖြေ။ ။ မိမိတို့သည် အမေရိကန်ပြည်သူများ၏ရွေးချယ်မှုကို လေးစားပါသည်။ မစ္စတာ ထရမ့် သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့ ပါသည်။