Hezbollah အပေါ် မြေပြင်တိုက်ခိုက်မှုများ တိုးချဲ့ ပြုလုပ်သွားမည်ဟု အစ္စရေး ဆို

(GMT+08:00)2024-11-07 14:53:22  

ဒေသစံတော်ချိန် ယခုလ ၆ ရက်နေ့က အစ္စရေးစစ်တပ်သည် လက်ဘနွန် ဒေသများစွာတို့ကို ဆက်လက်တိုက်ခိုက်နေပြီး ၊ လက်ဘနွန် ဘီရွတ်မြို့တော်နှင့် လက်ဘနွန် အရှေ့ပိုင်းမှ Baalbek-Hermel  ပြည်နယ်များတွင် လူ ၄-၅ ဆယ် သေဆုံး ခဲ့ပါသည်။ အစ္စရေးနိုင်ငံတော်ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် Halevi က လက်ဘနွန် တွင် မြေပြင် တိုက်ခိုက်မှုများကို တိုးချဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ထိုနေ့တွင်ပင် လက်ဘနွန် Hezbollah ပါတီသည် အစ္စရေးအား ဒုံးကျည်နှင့် drone များ ပစ်လွှတ်ပြီး အစ္စရေးနေရာများစွာတွင် အချက်ပေးဥဩသံများ ထွက်လာခဲ့သည်ဟု သတင်း အရ သိရပါသည်။