ရှီကျင့်ဖိန်သည် ပထမဆုံး အကြိမ် World Conference of Classics သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-11-07 14:55:00  

ယခုလ ၇ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပထမဆုံး အကြိမ် World Conference of Classicsသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ကျော် တုန်းက တရုတ်နှင့် ဂရိ ယဉ်ကျေးမှု ၂ခုသည် အာရှနှင့် ဥရောပ တိုက်ကြီး ၂ခု၏ အစွန်း နှစ်ဖက်တွင် ရောင်ပြန်ဟပ်ကာ လူသား ယဉ်ကျေးမှု ပြောင်းလဲတိုးတက်ရေး အတွက် အခြေခံ အုတ်မြစ် ကျသော အကျိုး ပြုမှုများကို စွမ်းဆောင်ခဲ့ကြောင်း၊ တရုတ်နှင့် ဂရိတို့ ပထမဆုံး အကြိမ် World Conference of Classicsကို အတူတကွ ကျင်းပပြီး အေသင်တွင် တရုတ် ရှေးဟောင်းရိုးရာ ယဉ်ကျေးမှု လေ့လာရေး အကယ်ဒမီ ထားရှိကာ တရုတ်-ဂရိ နှစ်နိုင်ငံနှင့် ကမ္ဘာ့ နိုင်ငံ အသီးသီးတို့ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် အတုယူရေး အတွက် ပလက်ဖောင်းသစ်ကို တည်ဆောက်ပေးခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

ပထမဆုံး အကြိမ် World Conference of Classicsကို ထိုနေ့က ဘေကျင်းတွင် ဖွင့်လှစ်ပြီး “ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုနှင့် ယနေ့ခေတ် ကမ္ဘာ”ကို ဆောင်ပုဒ် အဖြစ် ထားသည်။ တရုတ် လူမှုရေး သိပ္ပံပညာ အကယ်ဒမီ၊ တရုတ် ပညာရေး ဝန်ကြီးဌာန၊ တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဂရိ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဂရိ အေသင် သိပ္ပံပညာ အကယ်ဒမီတို့ အတူတကွ ဦးစီး ကျင်းပကြခြင်း ဖြစ်သည်။