မြန်မာ ဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး ဆိုင်ရာ သင့်မြတ်သာယာရေးကို အကောင်အထည် ဖော်ဆောင်ရန် အားပေးထောက်ခံသည် ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-11-07 20:38:35  

ယခုလ ၇ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပရာတွင် မြန်မာ အခြေအနေနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာ၌ မြန်မာ ပြဿနာ အပေါ် တရုတ် နိုင်ငံ၏ သဘောထား ရပ်တည်ချက် အလွန် ရှင်းလင်းပြတ်သားကြောင်း၊ မိမိတို့သည် မြန်မာ နိုင်ငံအား လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာ၊ နိုင်ငံတော် တစ်ပေါင်း တစ်စည်းတည်း ဖြစ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို ထိန်းသိမ်းကာကွယ်ရန် အားပေး ထောက်ခံကြောင်း၊ မြန်မာ ဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ တိုင်ပင် ဆွေးနွေး ခြင်းဖြင့် နိုင်ငံရေး ဆိုင်ရာ သင့်မြတ်သာယာရေးကို အကောင်အထည် ဖော်ဆောင်ရန် အားပေးထောက်ခံ ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြန်လည် စတင်မှုကိုလည်း အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။