တရုတ် အသွင်ပုံစံ ခေတ်မီရေး အကောင်အထည် ဖော်ဆောင်ရာတွင် ဟူပေပြည်နယ်၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် အားထုတ်ကြိုးပမ်းရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-11-07 14:51:11  

    တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာသေးခင် ရက်များက ဟူပေပြည်နယ် တွင် လေ့လာကြည့်ရှုရာ၊ ဟူပေပြည်နယ်သည် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံနှင့် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ် သာရများကို လေး နက်စွာ ကျင့်သုံးဖော်ဆောင်ပြီး ခြေလှမ်းမှန်မှန်ဖြင့် တိုးတက်မှု ရရှိခြင်း ဖြစ်သည့်အခြေခံ အနှစ်သာရကို စွဲကိုင်ကာ ဖွံ့ဖြိုးတိုးတက်ရေး အနေအထားသစ် တည် ဆောက်ရေးမှ လုပ်ငန်း တာဝန်များကို စွဲစွဲမြဲမြဲ ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ကိုယ့် အားသာချက်များကို အပြည့်အဝ ဖော်ထုတ်ပြီး ယန်စီမြစ် စီးပွားရေး ရပ်ဝန်း အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ရေးတွင် ရှေ့ပြေးရှေ့ဆောင်ပြုပြီး အလယ်ပိုင်း ဒေသ ရှင်သန် ဖွံ့ဖြိုးရေး၏ အရေး ကြီး မဟာဗျူဟာမြောက် ကျားကန်ပေးမှုကို အရှိန်မြှင့်ကာ တရုတ် အသွင်ပုံစံ ခေတ်မီရေး အကောင်အထည် ဖော်ဆောင်ရာတွင် ဟူပေပြည်နယ်၏ အခန်း ကဏ္ဍသစ်ကို ဖွင့်လှစ်ရန် အားထုတ်ကြိုးပမ်းရမည် ဖြစ်ကြောင်း အလေးထား ပြော ကြား ခဲ့သည်။