နိုဝင်ဘာလ ၆ရက်နေ့ညက သတ္တမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန် စည် ပြပွဲ ခင်းကျင်းပြသသောလုပ်ငန်းရှင်များသမဂ္ဂ ညီလာခံတွင် အဋ္ဌမ အကြိမ်မြောက် CIIE ပြပွဲတွင် ပါဝင်ခင်းကျင်းပြသရန် စာချုပ်ချုပ်ဆိုပွဲကို ကျင်းပခဲ့ ပါသည်။
ယခုအထိ အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ စင်္ကာပူစသောနိုင်ငံနှင့်ဒေသများမှ ကုမ္ပဏီနှင့်လုပ်ငန်းဌာန ၈၀တို့သည် အဋ္ဌမအကြိမ်မြောက် CIIEပြပွဲတွင် ပါဝင်ရန်အတွက် ကြိုတင် စာရင်းပေးထားကြပါသည်။ စာချုပ်ချုပ်ဆိုသော ပြသရေး အကျယ်အဝန်းသည် စတုရန်း မီတာ ၅သောင်း နီးပါးရှိပါသည်။