နိုဝင်ဘာလ ၇ရက်နေ့က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် သမ္မတ အဖြစ် ဒေါ်နယ် ထရမ့် ရွေးချယ်တင်မြှောက်ခံရခြင်းအပေါ် ဂုဏ်ပြုရန်အတွက် သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နှင့်အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက်လျှင် နှစ်ဖက် အကျိုးရှိကြမည်ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်လျှင် ဆုံးရှုံးကြမည်ဖြစ်သည်ဟု သမိုင်းက ပြသထားကြောင်း၊ တည်ငြိမ်ရေး၊ ကျန်းမာရေး၊ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ရှိသော တရုတ်-အမေရိကန်ဆက်ဆံရေးသည် နှစ်နိုင်ငံ ဘုံအကျိုးစီးပွား၊ နိုင်ငံတကာမိသားစုကြီး ၏ မျှော်မှန်းချက်နှင့် ကိုက်ညီကြောင်း၊ နှစ်ဖက်တို့အနေနှင့် အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့်အကျိုးတူရရှိရေးဟူသော မူများ ကို စွဲကိုင်ပြီး ဆွေးနွေးရေးကူးလူးဖလှယ်မှုကို အားဖြည့်ဆောင်ရွက်ကာ သဘော ကွဲလွဲမှု ကို သင့်လျော်စွာ စီမံထိန်းချုပ်၍ အပြန်အလှန်အကျိုးရရှိစေသော ပူးပေါင်း ဆောင် ရွက် မှုကို တိုးချဲ့ဆောင်ရွက်ပြီး ခေတ်ကာလသစ် တရုတ်-အမေရိကန် မှန်ကန် သော ပေါင်းသင်းဆက်ဆံရေး လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းကာ နှစ်နိုင်ငံနှင့်ကမ္ဘာအတွက် သုခချမ်းသာမှုများ ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော် ဒုတိယသမ္မတ Han Zhengသည် အမေရိကန် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် James Vance အား ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။