ဒေသစံတော်ချိန် နိုဝင်ဘာလ ၆ ရက်နေ့က ရုရှားဖက်ဒရေးရှင်းကောင်စီ (အထက်လွှတ်တော်)က ရုရှား-မြောက်ကိုရီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့ပါသည်။ ယင်းစာချုပ်တွင် ပါတီနှစ်ရပ်သည် ၎င်းတို့၏ အမျိုးသားဥပဒေပြုရေးနှင့် နိုင်ငံတကာ တာဝန်ဝတ္တရာများနှင့်အညီ နိုင်ငံတော်၏ အချုပ် အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို အပြန်အလှန် လေးစားခြင်း၊ ပြည်တွင်း ရေး ရာ များ မစွက်ဖက်မှု၊ တန်းတူညီမျှမှုနှင့် အခြားသက်ဆိုင်ရာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဲ့သို့သော နိုင်ငံတကာဥပဒေအခြေခံမူများအပေါ် အခြေခံ ၍ ဘက်စုံ မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်း ဖော်ဆောင် ရမည်ဟု အတည်ပြု ပြဋ္ဌာန်းထားသည့်အပြင် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံတကာ သတင်း အချက်အလက် လုံခြုံရေး နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ကြမည်ဟု ပြ ဋ္ဌာန်း ထားပါ သည်။
ရုရှား-မြောက်ကိုရီးယား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး သဘောတူစာချုပ်ကို ရုရှား အထက်လွှတ်တော်က အတည်ပြု
(GMT+08:00)2024-11-07 14:52:13