၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် ၃၃ ကြိမ် မြောက် ကော်မတီဥက္ကဋ္ဌ အစည်းအဝေးကို ယခုလ ၆ ရက်နေ့ ညနေပိုင်းက ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တရားဥပဒေကော်မတီ တာဝန်ခံ Xin chun ying ၏ မူကြိုပညာရေး ဥပဒေ မူကြမ်းနှင့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ပြင်ဆင်ရေး မူကြမ်းအပါအဝင် မူကြမ်းများ ပြင်ဆင်ရေးယူဆချက်ဆိုင်ရာ အစီရင်ခံစာကို ကြားနာပြီး၊ သက်ဆိုင်ရာ မူကြမ်း များ၏ ပြင်ဆင်ရေးမူများနှင့် အတည်ပြု မူကြမ်းများကို စိစစ်ခဲ့သည်ဟု သတင်းအရသိရပါ သည်။