အပိုင်း ၃၉ပိုင်းရှိပြီး တရုတ် တော်လှန်ရေး အချိန်ကာလ အကြောင်းကို ဖော်ပြသည့် “အနောက်မြောက်ပိုင်း ဒေသတွင် နှစ်တွေလတွေ”(Xibeisuiyue) တီဗီဇာတ်လမ်းတွဲကို ယခုလ ၅ရက်နေ့က China Media Group လက်အောက်ရှိ CCTV-1 ချန်နယ်တွင် စတင် ထုတ်လွှင့်ခဲ့ကြောင်း သတင်းအရ သိရသည်။
၄င်းတီဗီ ဇာတ်လမ်းတွဲတွင် တရုတ် တော်လှန်ရေး အချိန်ကာလ၌ အနောက်မြောက်ပိုင်း ဒေသ၏ အကြောင်းများကို ဖော်ပြပြီး Xizhongxun အပါအဝင် ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေး သမားကြီးများက တရုတ် ကွန်မြူနစ်ပါတီ၏ လုပ်ငန်းနှင့် ပြည်သူများ၏ အကျိုးစီးပွား အတွက် အခက်အခဲများကို ကျော်လွှားပြီး စူးစမ်းရှာဖွေကာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် အကြောင်းများကို ဖော်ပြသည်။