ယခုလ ၅ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ရှန်ဟိုင်းတွင် သတ္တမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲနှင့် ဟုန်ချော်-နိုင်ငံတကာ စီးပွားရေးဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
လီချန်က တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ကျင်းပခြင်းသည် တရုတ် နိုင်ငံ၏ တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြုလုပ်သည့် အရေးကြီး ဆောင်ရွက်ချက် ဖြစ်ပြီး ကမ္ဘာ အပေါ် မိမိတို့၏ တည်ကြည်လေးနက်သော ကတိပြုချက် ဖြစ်ကြောင်း ပြောကြား သည်။
လီချန်သည် အဆိုပြုချက် ၃ချက်ကို တင်ပြခဲ့သည်။ ယင်းအဆိုပြုချက် ၃ချက်မှာ ကတိစောင့်စည်းခြင်းကို စွဲကိုင်ပြီး တံခါးဖွင့်မှု ဆိုင်ရာ သဘောတူညီမှုများကို ပိုမိုကောင်းမွန် စွာ စုစည်းရန်၊ အပြန်အလှန် အကျိုးရှိစေရေးကို စွဲကိုင်ပြီး တံခါးဖွင့်မှု ရှေ့အလားအလာများကို ပိုမိုကောင်းမွန်စွာ ဖန်တီးပေးရန်နှင့် အေးအတူပူအမျှ ဖြစ်ခြင်းကို စွဲကိုင်ပြီး တံခါးဖွင့်မှု လုပ်ငန်းတာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ရန်တို့ ဖြစ်ကြောင်း သတင်းအရ သိရသည်။