မဲဆန္ဒရှင် လေးပုံသုံးပုံခန့်သည် အမေရိကန်၏ လက်ရှိအခြေအနေအပေါ် အပျက်သဘောဆောင်သော အမြင်ရှိဟု Exit Poll စစ်တမ်းဆို

(GMT+08:00)2024-11-06 12:08:25  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၅ ရက်နေ့က CNN မှ ပြုလုပ်သော ယခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆန္ဒရှင်များဆိုင်ရာ Exit Poll စစ်တမ်း၏ ပဏာမ ရလဒ်ကို ထုတ်ပြန်ခဲ့ရာ ယင်းစစ်တမ်းအရ စစ်တမ်း ဖြေဆိုသော မဲဆန္ဒရှင် လေးပုံသုံးပုံခန့်သည် အမေရိကန်၏ လက်ရှိအခြေအနေအပေါ် အပျက်သဘောဆောင်သော အမြင်ရှိပြီး အမေရိကန် ဒီမိုကရေစီသည် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည်ဟု ယူဆကြကြောင်း၊ စစ်တမ်း ဖြေဆိုသော မဲဆန္ဒရှင် ၄၀ ရာခိုင်နှုန်းခန့်ကတော့ အမေရိကန် ဒီမိုကရေစီသည် ပြင်းထန်သော ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည်ဟု ယူဆကြကြောင်း၊  စစ်တမ်း ဖြေဆိုသော မဲဆန္ဒရှင် လေးပုံတစ်ပုံခန့်သည် အမေရိကန်၏ လက်ရှိအခြေအနေအပေါ် ကျေနပ်ကြောင်း၊ စစ်တမ်း ဖြေဆိုသော မဲဆန္ဒရှင် ၃၀ ရာခိုင်နှုန်းခန့်သည် အမေရိကန်၏ လက်ရှိအခြေအနေအပေါ် ဒေါသထွက်ကြောင်း၊ စစ်တမ်း ဖြေဆိုသော မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းခန့်သည် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုများ ဖြစ်စေမှာ စိုးရိမ်မိကြောင်း သိရပါသည်။