သတ္တမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ယခုလ ၅ရက်နေ့က ရှန်ဟိုင်းတွင် ဖွင့်လှစ်ပြီး ၆ ရက်ကြာ ကျင်းပမည် ဖြစ်သည်။ တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအနေဖြင့် သတ္တမ အကြိမ် Hongqiao နိုင်ငံတကာ စီးပွားရေးဖိုရမ်ကိုလည်း ထိုနေ့တွင်ပင် ကျင်းပခဲ့သည်။ ယခုအကြိမ် Hongqiao နိုင်ငံတကာ စီးပွားရေးဖိုရမ်သည် "အဆင့်မြင့် တံခါးဖွင့်ရေးကို စွဲကိုင်ပြီး အားလုံးပါဝင်နိုင်ကာ အကျိုးရရှိနိုင်သော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ပူးတွဲ တိုးမြှင့်ရေး" ဟူသော ဆောင်ပုဒ်ဖြင့် ဖိုရမ်ခွဲ ၁၉ ခုကို ကျင်းပခဲ့သည်။
Hongqiao နိုင်ငံတကာ စီးပွားရေးဖိုရမ်တွင် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား၊ စွမ်းအင်သိုလှောင်မှုအသစ် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို အာရုံစိုက်
(GMT+08:00)2024-11-06 12:16:09