ဆောင်းဦးရာသီကို ရောက်လာတဲ့အခါ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်ဟာ ဟူပေပြည်နယ်ကို သွားရောက်လေ့လာခဲ့ရင်း သာယာလှပတဲ့ ခရိုင်မြို့ ၂ ခုကိုလည်း သွားရောက်ခဲ့ပါတယ်။ တစ်ခု ကတော့ ယန်ဇီမြစ်မြောက်ဘက်ခြမ်းမှာ တည်ရှိသော ရှောက်ကန်မြို့ ယွင်မုံ့ခရိုင်ပဲဖြစ်ပါတယ်။ ကျန် တစ်ခုကတော့ ယန်ဇီမြစ်တောင်ဘက်ခြမ်းမှာတည်ရှိတဲ့ ရှန်နင်မြို့ ကျားယွီခရိုင်ပဲဖြစ်ပါတယ်။ “မြူငွေ့ဝေဝေ ယွင်မုံ့အရပ်” မှ “တောင်အရပ်ဒေသ ကျားယွီခရိုင်” အထိဟာ ရှေးချူခေတ်ယဉ်ကျေး မှု အမွေအနှစ်ပေါများရာ ဒေသဖြစ်ပြီး အခုအခါမှာ သာယာလှပတဲ့ခေတ်မီလူနေမှုဘဝပုံရိပ်များ ပြသနေပါတယ်။ သမ္မတ ရှီကျင့်ဖိန်ဟာ ဘာကြောင့် ဒီနေရာ ၂ ခုကို တကူးတကလာရတာလဲ။ ဘယ်အရာတွေကို အဓိကထားလေ့လာသွားခဲ့တာလဲ။
အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲညနေ့မှာ သမ္မတရှီကျင့်ဖိန်ဟာ ဟူပေပြည်နယ်လေ့လာရေး ခရီးစဉ်ရဲ့ပထမဆုံးနေရာဖြစ်သော ရှောက်ကန်မြို့ ယွင်မုံ့ခရိုင်သမိုင်းပြတိုက်ကို ရောက်ရှိခဲ့ပါတယ်။
ယွင်မုံ့ခရိုင်ဟာ ဟူပေပြည်နယ်ရဲ့အလယ်ပိုင်းမှာ တည်ရှိပြီး အနောက်-ဝေ့မင်းဆက် တထုန်နန်းသက် ၁၆ နှစ် (အေဒီ ၅၅၀) မှာ ခရိုင်အဖြစ်သတ်မှတ်ခဲ့ပြီး ယနေ့ခေတ်အထိ နှစ်ပေါင်း ၁၄၀၀ ကျော် သမိုင်း သက်တမ်းရှိခဲ့ပါပြီ။ ယွင်မုံ့ဒေသဟာ ဒေသတွင်းခရိုင်ငယ်ဖြစ်သလို ရှေးဟောင်းယဉ်ကျေးမှုခရိုင် ဖြစ်တယ်ဆိုတာကို ယွင်မုံ့ခရိုင်သမိုင်းပြတိုက်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
ယွင်မုံ့ခရိုင်သမိုင်းပြတိုက်ဟာ ဟူပေပြည်နယ်သမိုင်းပြတိုက်မှ ဒေသန္တရအစိုးရနဲ့ အတူပူးပေါင်း တည်ဆောက်သော ပထမဆုံး ပြတိုက်ခွဲဖြစ်ပါတယ်။ ယခုနှစ် ဩဂုတ်လမှာတော့ နိုင်ငံတော် ဒုတိယ တန်းအဆင့် သမိုင်းပြတိုက်အဖြစ်သတ်မှတ်ခံရပါတယ်။ လက်ရှိပြတိုက်အတွင်း ရှေးဟောင်းပစ္စည်း ပေါင်း ၅၀၀၀ ကျော် သိမ်းဆည်းထားပြီး ယင်းတို့အနက် တရုတ်နိုင်ငံ ပထမတန်းအဆင့် ရှေးဟောင်း ပစ္စည်းပေါင်း ၄၉ ခု (အစုံ) ပါဝင်ပါတယ်။ ရှေးဟောင်းပစ္စည်းအတော်များများဟာ နိုင်ငံ့ရတနာအဖြစ် သတ်မှတ်နိုင်ပါတယ်။ ယွင်မုံ့ခရိုင်သမိုင်းပြတိုက်မှာ သမ္မတရှီကျင့်ဖိန်ဟာ ယင်းဒေသရဲ့ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနလေ့လာရေး အသုံးချရေးအခြေအနေများကို အဓိကထား လေ့လာသွားခဲ့ပါတယ်။ သမ္မတရှီကျင့်ဖိန်က ဒီလိုပြောခဲ့ဖူးပါတယ်။ ရှေးဟောင်း ပစ္စည်း များက ထွန်းတောက်တဲ့ယဉ်ကျေးမှုကို သယ်ဆောင်ခဲ့ပါတယ်။ သမိုင်းယဉ်ကျေးမှုကို လက်ဆင့် ကမ်းခဲ့ပြီး အမျိုးသားရေးစိတ်ဓာတ်ကို ထိန်းသိမ်းပေးခဲ့ပါတယ်။ ဘိုးဘွားအစဥ်အဆက် ကျွန်တော် တို့ကို ပေးကမ်းခဲ့တဲ့ အဖိုးတန်အမွေပဲဖြစ်ပါတယ်။ ဆိုရှယ်လစ်ဝါဒ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တည်ဆောက်ရေးတို့ကို အားဖြည့်ပေးသော အာဟာရများပဲဖြစ်ပါတယ်။ “ရှေးဟောင်းပစ္စည်း ထိန်းသိမ်းစောင့်ရှောက်မှုသည် မျက်မှောက်ကာလရဲ့အကျိုးသယ်ပိုးခြင်းဖြစ်ပြီး နောင်နှစ်ပေါင်းများ စွာအတွက် အကျိုးကျေးဇူးပဲဖြစ်ပါတယ်။”
အောက်တိုဘာလ ၅ရက်နေ့ နံနက်ခင်းမှာ သမ္မတရှီကျင့်ဖိန်ဟာ ရှန်နင်မြို့ ကျားယွီခရိုင်ကို သွားရောက် လေ့လာခဲ့ပါတယ်။
ကျားယွီခရိုင်ဟာ ယန်ဇီမြစ်အလယ်ပိုင်းတောင်ဘက်ကမ်းမှာ တည်ရှိပြီး ဆားယန်ရဲတိုက်လို့ ရှေးသုံး နာမည်ရှိခဲ့ပါတယ်။ အနောက်-ကျင့်မင်းဆက် ထိုက်ခန်းနန်းတက်နှစ် (အေဒီ ၂၈၀) မှာ ခရိုင်စနစ် အဖြစ် တည်ထောင်ခဲ့ပြီး ယနေ့ခေတ်အထိ နှစ်ပေါင်း ၁၇၀၀ ကျော်သမိုင်းသက်တမ်းရှိခဲ့ပါပြီ။ ကျားယွီခရိုင်ဟာ တရုတ်နိုင်ငံရဲ့အထူးလယ်ယာထွက်ကုန် (ဂေါ်ဖီထုပ်) ပေါများတဲ့နယ်မြေဖြစ်ပါ တယ်။ ခရိုင်တစ်ခုလုံးရဲ့ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုဧရိယာဟာ ၄၇၇၇၃ ဧကကျော်ရှိပြီး နှစ်စဉ် အထွက်နှုန်းဟာ တန်ချိန် ၁.၂၇ သန်းရှိပါတယ်။ ဝူဟန့်မြို့ရဲ့ဟင်းသီးဟင်းရွက်ထောက်ပံ့ရေးစခန်းကြီး ၄ ခုအနက် ၁ ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံနေရာအနှံ့နဲ့ပြည်ပနိုင်ငံများအထိ ဟင်းသီးဟင်းရွက်များ တင်ပို့ရောင်းချပါတယ်။ ဖန်းကျားဝမ်းမြို့နယ် ဟင်းသီးဟင်းရွက်စင်္ကြံရှည်နဲ့ စီယိကျေးရွာများမှာ သမ္မတရှီကျင့်ဖိန်က ယင်းဒေသရဲ့ကျေးလက်ဒေသ ဘက်ပေါင်းစုံပြန်လည်တိုးတက်ဖွံ့ဖြိုးရေး အခြေအနေများကို အဓိက လေ့လာသွားခဲ့ပါတယ်။
ကျေးလက်ဒေသပြန်လည်တိုးတက်ဖွံ့ဖြိုးရေးဟာ ယခုနှစ်တစ်လျှောက်လုံး သမ္မတရှီကျင့်ဖိန်ရဲ့ အကြိမ်ပေါင်းများစွာ ကွင်းဆင်းလေ့လာမှုတွင် အဓိကအာရုံစိုက်သော အချက်ပဲဖြစ်ပါတယ်။
သမ္မတရှီကျင့်ဖိန်ရဲ့ ယွင်မုံ့ခရိုင် ကျားယွီခရိုင်များက ကွင်းဆင်းလေ့လာမှုခရီးစဉ်ကို ကြည့်ခြင်းအား ဖြင့် ဆိုရှယ်လစ်ဝါဒ ယဉ်ကျေးမှု ဆိုင်ရာ အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေး၊ ပြည်သူလူထုရဲ့လူနေမှု အဆင့်အတန်း အရည်အသွေးမြှင့်တင်ရေးတို့အပေါ် သမ္မတရှီကျင့်ဖိန်ရဲ့ အဓိကထား ဂရုစိုက်မှုတို့ကို သိရှိနိုင်ပါ တယ်။
တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ တတိယ အကြိမ် စုံညီအစည်းအဝေးမှာ “ယဉ်ကျေးမှုယုံကြည်ချက်အားကောင်းစေရမယ်။ ဆိုရှယ်လစ်ဝါဒနဲ့ခေတ်မီယဉ်ကျေးမှုတို့ ဖြစ်ထွန်း လာရမယ်။ ပြုပြင်ပြောင်းလဲရေးယဉ်ကျေးမှုထွန်းကားစေရမယ်။ တရုတ်လူမျိုးရိုးရာယဉ်ကျေးမှု ကောင်းများ လက်ဆင့်ကမ်းသွားရမယ်။” “စိုက်ပျိုးရေးလုပ်ငန်း ကျေးလက်ဒေသဦးစားပေး ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းသွားရမယ်၊ ကျေးလက်ဒေသပြန်လည်တိုးတက်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုစနစ် ပြီးပြည့်စုံ ရမယ်” လို့ အလေးပေးပြောကြားသွားခဲ့ပါတယ်။
သမ္မတရှီကျင့်ဖိန်ရဲ့အခုအခါ လက်တွေ့ကွင်းဆင်းလေ့လာမှုဟာ ဗဟိုကော်မတီစုံညီအစည်းအဝေးရဲ့ အနှစ်သာရများကို အကောင်အထည်ဖော်ရေး တွန်းအားပေးမြှင့်တင်မှုတွင် အကျိုးရှိစေသော လမ်းညွှန်ချက် ပဲဖြစ်ပါတယ်။