တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၄ ရက်နေ့က လေထီးတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှီကျင့်ဖိန်က လေထီးတပ်ဖွဲ့သည် တရုတ်တပ်မတော် အင်အား စနစ်နှင့် စစ်ဆင်ရေးစနစ်များတွင် အထူးနှင့် အရေးကြီးသော အခန်းကဏ္ဍမှပါဝင် ကြောင်း၊ လေတပ် အသွင်ကူးပြောင်းမှု တည်ဆောက်ရေးလိုအပ်ချက်များကို လက်တွေ့ကျကျ ဖော်ဆောင်ပြီး၊ တပ်မတော်လေ့ကျင့်မှုနှင့် စစ်ရေးပြင်ဆင်မှုများဘက်စုံ အားဖြည့် ဆောင်ရွက်ကာ လေထီးစစ်ဆင်ရေးစွမ်းရည်ဘက်စုံမြှင့်တင်ရမည်ဖြစ်၍ အင်အား တောင့်တင်းပြီး ခေတ်မီသော လေထီးတပ်ဖွဲ့တစ်ဖွဲ့ကို အားထုတ်ကြိုးပမ်းတည်ဆောက်ရ မည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။
ရှီကျင့်ဖိန်သည် လေထီးတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေး
(GMT+08:00)2024-11-06 12:12:52