တရုတ်နိုင်ငံ၌ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်း အရေအတွက်သည် ခြေလှမ်းမှန်မှန်ဖြင့် ဆက်တိုက် တိုးများလာကြောင်း နိုင်ငံတော် ဈေးကွက်ကြီးကြပ်စစ်ဆေးရေးဌာနမှ နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်သော သတင်းအရ သိရပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလလကုန်အထိ တရုတ်နိုင်ငံရှိ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်း စုစုပေါင်း အရေအတွက် သည် ၁၈၀.၈၆၄၈ သန်းအထိ ရှိလာပြီဖြစ်ပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၃.၉၃ ရာခိုင်နှုန်း တိုးများလာကာ ဆယ်နှစ်ကျော်အတွင်းတွင် ၄ ဆကျော် တိုးများလာကြောင်း၊ စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းသည် ပိုမိုအဆင်ပြေလာပြီး ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ၏ အချိုးအစားသည် ပိုမိုတိုးမြင့်လာကာ ဈေးကွက်တက်ကြွမှုကို အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့ပါသည်။
စက်တင်ဘာလ လကုန်အထိ တရုတ်နိုင်ငံရှိ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်း စုစုပေါင်း အရေအတွက် သည် ၁၈၀.၈၆၄၈ သန်းအထိ ရှိလာပြီ
(GMT+08:00)2024-11-06 11:53:14