နိုဝင်ဘာလ ၅ ရက်နေ့၊ ၇ ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲအား ရှန်ဟိုင်း မြို့တွင် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံဒေသပေါင်း ၁၂၉ ခုက လုပ်ငန်းကုန်သည်ပေါင်း ၃၄၉၆ ခု ကို လာရောက်ပြသရန် ဆွဲဆောင်ခဲ့သလို နိုင်ငံ (ဒေသ) အရေအတွက်နဲ့ လုပ်ငန်းအရေအတွက်ဟာ လွန်ခဲ့သည့် အကြိမ် ပြပွဲထက် ပိုများပါတယ်။
နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲအသိုင်းအဝိုင်းကို ဘာကြောင့် စဉ်ဆက်မပြတ်တိုးချဲ့လာနိုင်တာလဲ။ တရုတ်နိုင်ငံရဲ့နိုင်ငံ့ခေါင်းဆောင် ရှီကျင့်ဖိန်ကိုယ်တိုင် စီစဉ်ရေးဆွဲခြင်း၊ စီမံနေရာချထားခြင်း၊ ကုန်စည်ပြပွဲအား တွန်းအားပေးဆောင်ရွက်ချက်တို့ရဲ့နောက်ကွယ်မှာ ဘယ်လိုထည့်သွင်းစဉ်းစားမှု များရှိနေသလဲ။
【နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲအသိုင်းအဝိုင်း စဉ်ဆက်မပြတ်တိုးချဲ့လာခြင်း】
၂၀၁၇ ခုနှစ် မေလတွင် တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှစတင်ပြီး တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို ကျင်းသွားမည်ဟု ရှီကျင့်ဖိန်မှ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ သွင်းကုန်ပစ္စည်းကို အဓိကထားသော ပထမဆုံး နိုင်ငံတော်အဆင့်ကုန်စည်ပြပွဲပဲဖြစ်ပါတယ်။
ပထမကြိမ်မြောက် နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းပြောကြားမှုမှာ ရှီကျင့်ဖိန်ဟာ မိမိရဲ့မူလရည်ရွယ်ချက်ကို အခုလို ရှင်းပြသွားခဲ့ပါတယ် - တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ကျင်းပရခြင်းက တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများအတွက် အရည်အသွေးမြင့် ဖွင့်လှစ်ဆောင်ရွက်မှုအသစ်ကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့သော အရေးကြီး ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ တစ်ကမ္ဘာလုံးကို ကိုယ်တိုင်စျေးကွက်ဖွင့်လှစ်ပေးသော အဓိကဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။
၇ နှစ်တာကာလအတွင်း နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ “အသိုင်းအဝိုင်း” ဟာ စဉ်ဆက်မပြတ် တိုးချဲ့လာခဲ့ပြီး “အောင်မြင်မှုရလဒ်” ဟာလည်း ပိုမိုသိသာထင်ရှားလာပါတယ်။ ယခင်ကျင်းပခဲ့သော နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ၆ ပွဲစလုံးမှာ ကုန်ပစ္စည်းသစ်၊ နည်းပညာသစ်၊ ဝန်ဆောင်မှုသစ် စသဖြင့် ပထမဆုံးကိုယ်စားပြုထုတ်ပြန်မှုပေါင်း ၂၅၀၀ နီးပါးကို ပြသခဲ့ပြီး အလားအလာရှိသော အရောင်းအဝယ်ပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၂၀ ကျော်ရှိခဲ့ပါတယ်။ နိုင်ငံခြားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီပေါင်း ရာထောင်ချီဟာ တရုတ်နိုင်ငံရဲ့နေရာဒေသအနှံ့ကို သွားရောက်ပြီး ထိမိတိကျစွာချိတ်ဆက်လာကြပြီး တင်သွင်းပြသသော ကုန်ပစ္စည်းအမျိုးအစား ပေါင်း ၃၅၀၀၀၀ ကျော်ရှိကာ သွင်းကုန်ပစ္စည်း စုစုပေါင်း တန်ဖိုးဟာ တရုတ်ယွမ်ငွေ ဘီလီယံ ၄၇၀ ကျော်ရှိခဲ့ပါ တယ်။
【 တစ်ကမ္ဘာလုံးအပေါ် ကတိကဝတ်ပြုထားမှု ဘယ်သောအခါမှ မပြောင်းလဲပါ】
ရှီကျင့်ဖိန်မှ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကျင်းပရန် အဆိုပြုခဲ့သော ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံ နှင့်တစ်ကမ္ဘာလုံးဟာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါတယ်။
သမိုင်းလမ်းဆုံလမ်းခွမှာ ရှီကျင့်ဖိန်ဟာ တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ၎င်း၏ အားပေးတိုက်တွန်းချက်နှင့်လက်တွေ့လှုပ်ရှားမှုများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ခြင်းဟာ မျက်မှောက်ခေတ် တရုတ်နိုင်ငံရဲ့သိသာထင်ရှားသော အမှတ်အသားပဲဖြစ်ပါတယ်” လို့ ရှီကျင့်ဖိန်က အကြိမ်ကြိမ်ပြောသွားခဲ့ပါတယ်။ ရှီကျင့်ဖိန်ရဲ့ ၅ ကြိမ်ဆက်တိုက် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းနဲ့ အမှာစကား ပြောကြားမှုများထဲမှာ “ပွင့်လင်းမြင်သာစွာ ဖွင့်လှစ် ခြင်း” စကားလုံးဝေါဟာရကို အကြိမ်ပေါင်းရာနဲ့ချီ ပြောကြားသွားခဲ့ပါတယ်။
၂၀၂၀ - ၂၀၂၂ ခုနှစ်များမှာ လူသားတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့အပြင်းအထန် ရင်ဆိုင်ခဲ့ကြရပါ တယ်။ ရှီကျင့်ဖိန်ဟာ ၂၀၂၁ ခုနှစ် ၄ ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား အမှာစကား ပြောကြားချိန်မှာ တရုတ်နိုင်ငံရဲ့မပြောင်းလဲသော ရပ်တည်ချက် ၃ ချက်ကို အလေးအနက် ကတိပြုပြောကြားသွားပါတယ် - တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများအတွက် အရည် အသွေးမြင့် ဖွင့်လှစ်ပေးသည့် ဆုံးဖြတ်ချက် မပြောင်းလဲစေရပါ။ ကမ္ဘာနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ မျှဝေသည့် ဆုံးဖြတ်ချက် မပြောင်းလဲစေရပါ။ စီးပွားရေးကို ဂလိုဘယ်လိုက်ဇေရှင်း အဖြစ်နဲ့ ပိုမို ပွင့်လင်းမြင်သာသော၊ အားလုံးပါဝင်နိုင်သော၊ အများအကျိုးရရှိနိုင်သော၊ မျှတသော၊ ဘုံအကျိုးဖြစ်ထွန်းသော ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သွားမည့် ဆုံးဖြတ်ချက် မပြောင်းလဲစေရပါ။
ဒါဟာ တရုတ်နိုင်ငံရဲ့ကတိကဝတ်ဖြစ်သလို လက်တွေ့လုပ်ဆောင်မှုလည်းဖြစ်ပါတယ်။
【ကမ္ဘာ့စီးပွားရေးကို နိုးဆော်တွန်းအားပေးခြင်း】
၇ ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို တစ်ကမ္ဘာလုံးမှ အာရုံစိုက်လာရ ခြင်းအကြောင်းရင်းဟာ ဒီစင်မြင့်ထက်ပေါ်မှာ တရုတ်နိုင်ငံဟာ “လက်လွှတ်ခြင်း” ကို ပြသခဲ့တာ မဟုတ်ဘဲ “လက်တွဲခေါ်ခြင်း” ကို ပြသခဲ့တာဖြစ်ပြီး “အကာအရံတည်ဆောက်ခြင်း”မဟုတ်တဲ့ “အကာအရံဖျက်ဆီးခြင်း” ဖြစ်သော ခိုင်မာတဲ့ယုံကြည်ချက်နဲ့လက်တွေ့လုပ်ဆောင်မှုတို့ကို ပြသခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တံခါးဖွင့်မှုကို အဆက်မပြတ်တိုးချဲ့လာခြင်းကြောင့် တရုတ် နိုင်ငံပြည်တွင်းက ဖွံ့ဖြိုးတိုးတက်ရေးရဲ့အရှိန်အဟုန်မြင့်ခေတ်ရေစီးကြောင်းကို နိုးဆော်တွန်းအား ပေးခဲ့သလို ကမ္ဘာ့စီးပွားရေးကိုလည်း နိုးဆော်တွန်းအားပေးခဲ့ပါတယ်။