နိုဝင်ဘာလ ၅ရက်နေ့က သတ္တမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကြီးကျယ်ခမ်းနားစွာ စတင်ကျင်းပခဲ့ ပါသည်။ တစ်ကမ္ဘာလုံး အာရုံစိုက်ကြသော စီးပွားကုန်သွယ်ရေးအခမ်းအနားအနေနှင့် CIIEပြပွဲသည် တစ်ကမ္ဘာလုံးမှ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကို ထပ်မံ ဆွဲဆောင်ပါ သည်။
ထိုနေ့ညနေပိုင်းက ရှန်ဟိုင်းမြို့ ကုန်သွယ်ရေးအဖွဲ့၏ “ပထမနေ့”လှုပ်ရှားမှုကို အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဝယ်လိုသူနှင့် ခင်းကျင်းပြသသူတို့သည် အမေရိကန်ဒေါ်လာ သန်း၅၀ တန်ဖိုးရှိသော ဝယ်ယူရေးအော်ဒါကို လက်မှတ်ရေးထိုးခဲ့ကြပြီး သတ္တမအကြိမ်မြောက် CIIEပြပွဲ၏ ပထမဆုံးစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုခဲ့သည်ဟု ဖော်ပြပါသည်။