ကင်ညာ ညီညွတ်သော ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟိုကော်မတီ စည်းကမ်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး လီရှီသည် နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ကင်ညာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။
ကင်ညာသမ္မတ၊ ညီညွတ်သော ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ခေါင်းဆောင် ရူတို နှင့် တွေ့ဆုံစဉ်တွင် လီရှီက သမ္မတ ရှီကျင့်ဖိန် နှင့် သမ္မတ ရူတို တို့သည် နှစ်နိုင်ငံကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ခရီးလမ်းကို ညွှန်ပြရန် နှစ်နှစ်ဆက်တိုက် တွေ့ဆုံခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကင်ညာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် အဓိက စိုးရိမ်ပူပန်မှုများ ပါဝင်သည့် ကိစ္စရပ်များတွင် အချင်းချင်း အခိုင်အမာ ပံ့ပိုးကူညီရန်၊ ခေတ်သစ် ပိုမိုရင်းနှီးသော တရုတ်-ကင်ညာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။