နိုဝင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Duma Boko ထံသို့ သဝဏ်လွှာပေးပို့ပြီး ဘော့ဆွာနာသမ္မတနိုင်ငံ သမ္မတအဖြစ် အရွေးခံရခြင်းအပေါ် ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်နှင့် ဘော့ဆွာနာတို့သည် ချစ်ကြည်ရေးအစဉ်အလာရှိကြောင်း၊ ပြီးခဲ့သည့်နှစ်များက နှစ်နိုင်ငံဆက်ဆံမှုကောင်းမွန်စွာ တိုးတက်လာပြီး၊ နှစ်ဖက်တို့သည် အခြေခံအဆောက်အအုံ၊ သန့်စင်စွမ်းအင် နှင့် ဆေးဝါးကုသရေးစသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း၊ မိမိသည် တရုတ်-ဘော့ဆွာနာဆက်ဆံမှုဖွ့ဖြိုးရေးကို အလွန်အရေးထားပြီး၊ သမ္မတ Boko နှင့်အတူကြိုးပမ်းပြီး၊ နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်သို့ တွန်းအားပေးပြီး၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြား သော အကျိုးများဖန်တီးပေးလိုကြောင်းဖော်ပြသည်ဟု သတင်းအရသိရပါသည်။
ရှီကျင့်ဖိန်သည် ဘော့ဆွာနာနိုင်ငံ အရွေးခံ သမ္မတ Duma Boko အား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့
(GMT+08:00)2024-11-06 12:13:35