ရှီကျင့်ဖိန်သည် လူမှုရေး လုပ်ငန်းနှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြားချက်ကို ပြောကြား

(GMT+08:00)2024-11-06 15:16:33  

    တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာခင်က လူမှုရေး လုပ်ငန်းနှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြားချက်ကို ပြောကြားရာတွင် လူမှုရေး လုပ်ငန်းသည် ပါတီနှင့် နိုင်ငံတော် လုပ်ငန်း၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ပြီး ပါတီ၏ ရေရှည် အာဏာ ကျင့်သုံးရေး၊ နိုင်ငံ၏ ရေရှည် အေးချမ်းတည်ငြိမ်ရေးနှင့် ပတ်သက်သည့် အပြင်၊ လူ့ဘောင်အဖွဲ့အစည်း သင့်မြတ် သာယာရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူများ၏ ချမ်းသာသုခများနှင့် သက်ဆိုင်ကြောင်း၊ လက်ရှိတွင် တရုတ် နိုင်ငံ၏ လူမှုရေး ဖွဲ့စည်းပုံသည် နက်ရှိုင်းစွာ ပြောင်းလဲနေ၍ လူမှုရေး လုပ်ငန်းသည် အခြေအနေသစ်ကို ရင်ဆိုင်နေရပြီး လုပ်ငန်းတာဝန်သစ်များကို ထမ်းဆောင် ရမည် ဖြစ်ကြောင်း၊ ပြည်သူ့ကို ဗဟိုပြုခြင်းအား စွဲကိုင်ပြီး လူမှုရေး လုပ်ငန်း စနစ်နှင့် ယန္တရားများကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ကာ ထွန်းသစ်စ နယ်ပယ်များတွင် ပါတီ၏ လှုံ့ဆော်စည်းရုံးနိုင်စွမ်း၊ စည်းလုံးညီညွတ်နိုင်စွမ်းနှင့် ဩဇာသက်ရောက်မှုများကို အဆက်မပြတ် တိုးမြှင့်၍  ခေတ်ကာလသစ်တွင် လူမှုရေး လုပ်ငန်းကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။