နိုဝင်ဘာလ ၅ရက်နေ့ညက အစ္စရေးဝန်ကြီးချုပ် Netanyahuသည် အစ္စရေး နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး Gallantအား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
Netanyahuသည် လက်ရှိအစ္စရေးနိုင်ငံခြားရေးဝန်ကြီး Katzအား နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းခဲ့ပါသည်။ အစ္စရေး “New Hope”ပါတီ ခေါင်းဆောင် Gideon Sa'arအား နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်မည် ဖြစ်ပါသည်။
ဗီဒီယိုဖြင့် ကြေညာချက်ကို ထုတ်ပြန်ရာတွင် Netanyahuက Gallantနှင့်ကြား ယုံကြည်မှုပျက်ပြားသွားသည့်အပြင် စစ်ပွဲ စီမံခန့်ခွဲရေးအပေါ် သဘောကွဲလွဲမှုရှိပြီး Gallantမှ ပြုလုပ်သော ဆုံးဖြတ်ချက်သည် အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်နှင့် မတူခြားနားကြောင်း ပြောကြားခဲ့ပါသည်။ Netanyahuက Gallantသည် အစ္စရေး၏ရန်သူများကို သွယ်ဝိုက် အထောက်အကူပြုသည်ဟုလည်း အပြစ်တင်ရှုတ်ချခဲ့ပါသည်။ Gallantကမူ “ကိုယ်ကျင့်တရားမှောင်မိုက်ခြင်း”သည် အစ္စရေးနိုင်ငံကို လွှမ်းမိုးထားပြီဟု သတိပေးခဲ့ပါသည်။