တရုတ်နှင့်တူရကီတို့သည် နှစ်နိုင်ငံအစိုးရကြား ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ယန္တရားဆိုင်ရာ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပမည်

(GMT+08:00)2024-11-06 12:11:04  

ယခုလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ တရုတ်နှင့်တူရကီ အစိုးရကြား ပူးပေါင်းဆောင်ရွက်ရေးကောင်စီယန္တရား တရုတ်ဘက်ဥက္ကဋ္ဌ Zhang Guoqing ၏ ဖိတ်ကြားချက်အရ တူရကီနိုင်ငံဘဏ္ဍာရေးဝန်ကြီး၊ ယန္တရားဆိုင်ရာတူရကီဘက်မှဥက္ကဋ္ဌ Khimshek သည် နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ယန္တရား၏ ဒုတိယအကြိမ် အစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပမည်ဖြစ်ကြောင်း ပြောကြားပါသည်။