CGTN စစ်တမ်းကောက်ယူမှု ၊ “နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲအကျိုး ခံစားမှု” စဉ်ဆက်မပြတ် ထုတ်ဝေပေးမှု၊ တစ်ကမ္ဘာလုံးရှိ စစ်တမ်းဖြေဆိုသူ တိုင်းဟာ “စျေးကွက်ကြီး” မှတစ်ဆင့် “အခွင့်အလမ်းကြီးများ” ယူဆောင် လာနိုင်ရန် မျှော်လင့်ထားကြခြင်း

(GMT+08:00)2024-11-06 22:39:45  

၇ နှစ်ဆက်တိုက်ကျင်းပလျက်ရှိသော တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ဟာ ကဏ္ဍအသီးသီးတွင် အဆက်မပြတ်စံချိန်တင်လျက်ရှိနေပါတယ်။ CGTN ရုပ်သံဌာနမှ တစ်ကမ္ဘာလုံးရှိ စစ်တမ်းဖြေဆိုသူပေါင်း ၃၃၈၅၈ ဦးကို မေးမြန်းခဲ့သော စစ်တမ်းကောက်ယူ မှုရလဒ်ဖော်ပြချက်အရ ဖြေဆိုသူ ၆၇ % ဟာ တရုတ်နိုင်ငံကို တံခါးဖွင့်ဝါဒနဲ့ ယှဉ်ပြိုင်မှု ကောင်းသော လွတ်လပ်မှုရှိတဲ့စျေးကွက်တစ်ခုအဖြစ် ထင်မြင်ယူဆကြပါ တယ်။ ထိုကဲ့သို့ အလားတူယူဆချက်ရှိသော စစ်တမ်းဖြေဆိုသူများဟာ အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်း ဒေသ၊ တောင်အမေရိကတိုက်နဲ့ အရှေ့တောင်အာရှဒေသများတွင် ၈၆.၆ % ၊ ၈၈.၂ % ၊ ၇၇.၉ % ၊ ၇၈.၆ % များအထိ ရှိကြပါတယ်။

တံခါးဖွင့်ဝါဒဟာ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲရဲ့အဓိကရည်ရွယ်ချက်ဖြစ်သလို တရုတ်ပုံစံ ခေတ်မီတိုးတက်ရေးရဲ့သိသာထင်ရှားသော အမှတ်အသားလည်းဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုမှာ ဖြေဆိုသူ ၇၇.၅ % က တရုတ်နိုင်ငံရဲ့စီးပွားရေးပတ်ဝန်းကျင်ဟာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိနေတယ်လို့ ယူဆကြပါတယ်။ တစ်ကမ္ဘာလုံးရှိ စစ်တမ်းဖြေဆိုသူ ၇၃.၉ % က မိမိနိုင်ငံနဲ့ပြည်တွင်းလုပ်ငန်းများကို တရုတ်နိုင်ငံမှ စတင် ဆောင်ရွက်တဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတွင် ပါဝင်ကြဖို့ အားပေးကြပါ တယ်။ စစ်တမ်းဖြေဆိုသူ ၇၈.၅ % က ၎င်းတို့နိုင်ငံနဲ့ပြည်တွင်းလုပ်ငန်းများအနေဖြင့် တရုတ် နိုင်ငံနဲ့ကုန်သွယ်မှုပြုလုပ်ခြင်းက အကျိုးရရှိတယ်လို့ ယူဆကြပါတယ်။ တရုတ်နိုင်ငံရဲ့ အရည်အသွေးမြင့် တံခါးဖွင့်မူဝါဒကျင့်သုံးခြင်းဟာ ကုန်သွယ်ရေးမိတ်ဖက်များအတွက် ပိုမို ကျယ်ပြန့်သော စျေးကွက်အခွင့်အလမ်းများယူဆောင်လာပေးတယ်လို့ သူတို့က အခိုင်အမာ ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် စစ်တမ်းဖြေဆိုသူ ၈၄.၃ % က တရုတ်နိုင်ငံဟာ ကမ္ဘာ့ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နဲ့ ထောက်ပံ့ရေးကွင်းဆက်တို့ရဲ့တည်ငြိမ်ရေးအတွက် သော့ချက်ကျ တယ်လို့ ထင်မြင်ယူဆကြပါတယ်။

တရုတ်နိုင်ငံဟာ ဘယ်တော့မဆို ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခွင့် အလမ်းတစ်ခုဖြစ်ပြီး ခံနိုင်ရည်အပြည့်ရှိသော တရုတ်နိုင်ငံစီးပွားရေးဟာ ဒီအခွင့်အလမ်း အတွက် ကျိန်းသေမှုများ စဉ်ဆက်မပြတ် ထည့်သွင်းပေးခဲ့ပါတယ်။ စစ်တမ်းကောက်ယူမှု တွင် တစ်ကမ္ဘာလုံးရှိ စစ်တမ်းဖြေဆိုသူ ၉၂.၃ % ဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးအင်အား တောင့်တင်းမှုကို ချီးကျူးခဲ့ကြပါတယ်။ ဖြေဆိုသူ ၉၁.၉ % က တရုတ်နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ဟာ အလွန်မြန်ဆန်တယ်လို့ ယူဆကြပါတယ်။ စစ်တမ်းဖြေဆို သူ ၈၁.၃ % က တရုတ်နိုင်ငံရဲ့စီးပွားရေး ရေရှည်ကောင်းမွန်တည်တံ့ရေးအခြေခံအချက်များ မပြောင်းလဲဘူးလို့ ယူဆကြပါတယ်။ တစ်ကမ္ဘာလုံးရှိ စစ်တမ်းဖြေဆိုသူ ၈၉.၂ % က မကြာ သေးမီနှစ်များအတွင်း တရုတ်နိုင်ငံရဲ့ကမ္ဘာစီးပွားရေးအပေါ် အပြုသဘောဆောင်သော ပံ့ပိုး ကူညီမှုများနဲ့ပတ်သက်ပြီး ဝေဖန်ချက်ကောင်းများပေးခဲ့ပါတယ်။

အထက်ဖော်ပြပါ စစ်တမ်းကောက်ယူမှုဟာ CGTN ရုပ်သံဌာနမှ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်တမ်းဖြေဆိုသူများဟာ အမေရိကန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျပန်နိုင်ငံ အစရှိသော ဖွံ့ဖြိုးပြီး နိုင်ငံများက ဖြေဆိုသူများဖြစ်ကြသလို အီဂျစ်၊ ဘရာဇီး၊ နိုင်ဂျီးရီးယား အစရှိသော ဖွံ့ဖြိုးဆဲ နိုင်ငံများက ဖြေဆိုသူများလည်း ပါဝင်ပါတယ်။