ဩဂုတ်လ ၂၉ ရက်နေ့မှစ၍ အမေရိကန်ဗဟို စစ်ဦးစီးဌာန သည် အီရတ်နှင့် ဆီးရီးယားရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အစွန်းရောက်အဖွဲ့အစည်း “အိုင်အက်စ်အဖွဲ့” အား စစ်ဆင်ရေး ၉၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးလုပ်ဆောင်မှုအတွင်း အိုင်အက်စ်အဖွဲ့ မှ အကြီးတန်းနှင့် အလယ်အလတ်အဆင့် ခေါင်းဆောင် ၃၀ ကျော် အပါအဝင် လက်နက်ကိုင်သမား ၁၆၃ ဦး သေဆုံးပြီး ၃၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း အမေရိကန် ဗဟို စစ်ဦးစီးဌာနမှ နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဩဂုတ်လကုန်ကစပြီး အိုင်အက်စ် လက်နက်ကိုင်သမား ၁၆၃ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ရေးဌာနချုပ်ဆို
(GMT+08:00)2024-11-05 13:19:51