"မကြုံစဖူးသော ဘေးအန္တရာယ်"၊ စပိန်နိုင်ငံ၌ ရေလွှမ်းမိုးမှုများကြောင့် လူ ၂၁၇ ဦး ထက်မနည်း သေဆုံး

(GMT+08:00)2024-11-05 13:49:15  



စပိန်နိုင်ငံမှ နောက်ဆုံးတရားဝင် အချက်အလက်များအရ စပိန်နိုင်ငံ  ဒေသများစွာ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားကာ လူ ၂၁၇ ဦး ထက်မနည်း သေဆုံးစေခဲ့ပါသည်။

စပိန်မီဒီယာမှ စာရင်းဇယားများအရ ရေလွှမ်းမိုးကာ ထိခိုက်မှုအများဆုံးခံရသည့် ဗာလန်စီယာဒေသတွင် အိမ်ပေါင်း ၇၅၀၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့ရပြီး လူပေါင်း ၁၉၀၀၀၀ ထက်မနည်း ထိခိုက်ခဲ့ရသည်ဟု သိရပါသည်။