ပလောအပါအဝင် နိုင်ငံအနည်းစုသည် ထိုင်ဝမ်ဒေသနှင့် “သံတမန်”ဟူသော အဆက် အသွယ်ကို ထိန်းသိမ်းထားခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန် ပြောဆို

(GMT+08:00)2024-11-05 13:07:42  

    နိုဝင်ဘာလ ၄ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံနှင့်ပတ်သက်သော ပလောနိုင်ငံရေးလောက၏ ပြောဆိုချက်နှင့်ပတ်သက်၍ သတင်းထောက် မေးမြန်းချက်ကို ဖြေကြားရာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ကမ္ဘာပေါ်တွင် နိုင်ငံ ၁၈၃ နိုင်ငံတို့သည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူအခြေခံပေါ်တွင် တရုတ်နိုင်ငံနှင့် သံတမန်အဆက်အသွယ်ကို ထားရှိခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူကို စွဲကိုင်ထားခြင်းဆိုင်ရာ သမိုင်းရေစီးကြောင်းကို တားဆီး၍ မရကြောင်း ပြောကြားခဲ့ ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ မော်နင် က လက်ရှိ ပလောနိုင်ငံအပါအဝင် နိုင်ငံအနည်းစုသည် ထိုင်ဝမ်ဒေသနှင့် “သံတမန်”ဟူသော အဆက်အသွယ်ကို ထိန်းသိမ်းနေကြကြောင်း၊ ၄င်းလုပ်ရပ်မှာ မိမိနိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားနှင့် မကိုက်ညီဘဲ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အမှတ် ၂၇၅၈ ဆုံးဖြတ်ချက်ကို ချိုးဖောက်သည့်အပြင် တရုတ် နိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာကိုလည်း ထိခိုက်သဖြင့် ပြင်ပေးသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများအား နိုင်ငံတကာဥပဒေ၏ တာဝန်ဝတ္တရား များကို ထမ်းဆောင်ပြီး မှန်ကန်သောသမိုင်းဘက်တွင် အမြန်ဆုံး ရပ်တည်ကာ ကိုယ်တိုင်အရင်းခံနှင့် ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီသော မှန်ကန်သည့် ဆုံးဖြတ်ချက် ကို ပြုရန် တိုက်တွန်းကြောင်း၊ သက်ဆိုင်ရာနိုင်ငံများမှ အမျှော်အမြင်ရှိသူများမှ သမိုင်း အခြေအနေနှင့် ခေတ်ရေစီးကြောင်းကို သိရှိနားလည်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေတည်တံ့ပြည့်စုံခြင်းကို လေးစားကာ နိုင်ငံတကာ တရားမျှတမှုဘက်တွင် အမြန်ဆုံး ရပ်တည်ရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူ၏ အခြေခံပေါ်တွင် သက်ဆိုင်ရာနိုင်ငံများအကြား ဆက်ဆံရေးအခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။