ကန် အဓိက Swing ပြည်နယ်များ၌ ကမလာ ဟဲရစ် နှင့် ဒေါ်နယ် ထရမ့်တို့၏ ထောက်ခံနှုန်းသည် ယေဘုယျအားဖြင့် တူညီ

(GMT+08:00)2024-11-05 13:10:45  


    နိုဝင်ဘာလ ၄ ရက်နေ့က The Hill သတင်းစာနှင့် အမေရိကန် Emerson ကောလိပ်တို့မှ ပူးတွဲထုတ်ပြန်သော ပြည်သူ့ သဘောထား စစ်တမ်းကောက်ယူမှုရလဒ်အရ အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အဓိက Swing ပြည်နယ်များ၌ အမေရိကန်နိုင်ငံ ဒုတိယသမ္မတ၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကမလာ ဟဲရစ် နှင့် အမေရိကန်နိုင်ငံ သမ္မတဟောင်း၊ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့်တို့အား ထောက်ခံနှုန်းသည် ယေဘုယျအားဖြင့် တူညီကြောင်း သတင်းအရ သိရှိရပါသည်။
    ဒေါ်နယ် ထရမ့် သည် North Carolina ၊ Pennsylvania ၊ Arizona နှင့် Georgia ပြည်နယ်များတွင် အားသာချက်ရှိပြီး ကမလာ ဟဲရစ် ကမူ Michigan ပြည်နယ်တွင် အားသာချက်ရှိကာ Nevada နှင့် Wisconsin ပြည်နယ်များတွင် နှစ်ဦးလုံးအား ထောက်ခံနှုန်းသည် ယေဘုယျအားဖြင့် တူညီကြောင်း သတင်းအရ သိရှိရပါသည်။