နိုဝင်ဘာလ ၄ရက်နေ့က တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံသို့ ဥရောပသမဂ္ဂမှ လျှပ်စစ်ကားများအပေါ် ထောက်ပံ့ကြေးပေးခြင်းဆန့်ကျင်မှုဆိုင်ရာ နောက်ဆုံးစီရင်ဆုံးဖြတ်မှုဆောင်ရွက်ချက်ကို တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၄ရက်နေ့တွင် တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂမှ တရုတ်လျှပ်စစ်ကားများအပေါ် ထောက်ပံ့ကြေးပေးခြင်းဆန့်ကျင်မှုဆိုင်ရာ နောက်ဆုံး စီရင်ဆုံးဖြတ်မှုဆောင်ရွက်ချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အချင်းပွားမှုဖြေရှင်းရေးစနစ် ထံသို့ တရားစွဲဆိုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ဥရောပသမဂ္ဂမှ ထောက်ပံ့ကြေးပေးခြင်းဆန့်ကျင်မှုဆိုင်ရာ နောက်ဆုံးစီရင်ဆုံးဖြတ်မှု ဆောင်ရွက်ချက်သည် အမှန်တရားနှင့်ဥပဒေအခြေခံ မရှိဘဲ WTO၏စည်းမျဉ်းကို ချိုးဖောက်ကာ ကုန်သွယ်ရေးကုစားမှုဆောင်ရွက်ချက်ကို အလွဲသုံးစားလုပ်ခြင်းဖြစ်၍ အမှန်တကယ်တော့ ထောက်ပံ့ကြေးပေးခြင်းဆန့်ကျင်သောအမည်ဖြင့် ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုး စီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးဆောင်ရွက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံက ယူဆပါသည်။ ဥရောပသမဂ္ဂအနေနှင့် ကိုယ့်အမှားများကို မှန်ကန်စွာ ရှုမြင်ပြီး စည်းမျဉ်းကို ချိုးဖောက်သော လုပ်ရပ်ကို ချက်ချင်းပြုပြင်ကာ ကမ္ဘာ့လျှပ်စစ်ကားလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်မှု နှင့် တရုတ်-ဥရောပသမဂ္ဂ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေကို ပူးပေါင်းကာကွယ်ရန် မိမိတို့က တိုက်တွန်းပါသည်။