ရှီကျင့်ဖိန်သည် ဖီဂျီ နိုင်ငံ အရွေးခံ သမ္မတ Lalabalavu ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-11-05 14:51:55  

ယခုလ ၅ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် Lalabalavu ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ပြီး ၄င်း ဖီဂျီ သမ္မတ နိုင်ငံ သမ္မတ အဖြစ် အရွေးခံရခြင်းကို  ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ဖီဂျီသည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် သံတမန် ဆက်ဆံမှု အစောဆုံး ထားရှိခဲ့သည့် ပစိဖိတ် ကျွန်းနိုင်ငံ ဖြစ်ကြောင်း၊ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် ၄၉နှစ် အတွင်း တရုတ်-ဖီဂျီ ဆက်ဆံမှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာြပီး နှစ်နိုင်ငံ ပြည်သူများ အတွက် ချမ်းသာသုခများကို တိုးပွားစေကာ ဒေသတွင်းနှင့် ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ခဲ့ကြောင်း၊ မိမိသည် တရုတ်-ဖီဂျီ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အပေါ် လွန်စွာ အလေးထားပြီး အဆွေတော် သမ္မတ  Lalabalavuနှင့် အတူ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို စဉ်ဆက်မပြတ် ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုရန် လက်တွဲ အားထုတ်ကြိုးပမ်းလိုကြောင်း ဖော်ပြထားသည်။