၁၃၆ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲ ကျင်းပပြီးစီး

(GMT+08:00)2024-11-05 13:17:47  

၁၃၆ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၄ ရက်နေ့က ကွမ်ကျိုးမြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ယခုအကြိမ် ကုန်စည်ပြပွဲ၏ ညွှန်းကိန်းများစွာသည် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပြည်ပဝယ်လက် ၂သိန်း၅သောင်းကျော်ရှိပြီး ညှိနှိုင်းမှုများနှင့် ငွေပေးငွေယူမှု တက်တက်ကြွကြွ ပြုလုပ်ခဲ့ကြကြောင်း၊ ကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းသည် တရုတ်ထုတ်ကုန်ပစ္စည်းများအပေါ် ယုံကြည်မှုရှိခြင်း၊ တရုတ် လုပ်ငန်း ကုမ္ပဏီများအပေါ် အသိအမှတ်ပြုမှု ရှိခြင်းနှင့် တရုတ်စီးပွားရေးဖွံ့ဖြိုးမှု အပေါ် ယုံကြည်မှုရှိခြင်းတို့ကို ထင်ဟပ်စေပါသည်။