မြောက်ကိုရီးယားသည် မိမိကိုယ်ကို ကာကွယ်သည့် နျူကလီးယား အင်အားကို အားကောင်းစေမည့် လမ်းကြောင်းကို မယိမ်းမယိုင် လိုက်နာဆောင်ရွက်မည်ဟု ကင်ယိုဂျုံဆို

(GMT+08:00)2024-11-05 13:13:34  

 ဒေသစံတော်ချိန် နိုဝင်ဘာလ ၄ ရက်နေ့က မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုဝန်ကြီး ကင်ယိုဂျုံက မိန့်ခွန်းပြောကြားခဲ့ရာ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ သုံးနိုင်ငံ ပူးတွဲ လေကြောင်း စစ်ရေးလေ့ကျင့်မှုကို ပြစ်တင်ရှုတ်ချပြီး မြောက်ကိုရီးယားသည် မိမိကိုယ်ကို ကာကွယ်သည့် နျူကလီးယား အင်အားကို အားကောင်းစေမည့် လမ်းကြောင်းကို မယိမ်းမယိုင် လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ကင်ယိုဂျုံက မြောက်ကိုရီးယား ရင်ဆိုင်နေရသည့် ဆိုးရွားသော လုံခြုံရေးပတ်ဝန်းကျင်သည် မြောက်ကိုရီးယား၏ ရှောင်ရှား၍ မရသော မဟာဗျူဟာမြောက် ရွေးချယ်မှုဖြစ်သည်ဟု သက်သေပြနေကြောင်း၊ မိမိကိုယ်ကို ကာကွယ်သည့် နျူကလီးယား အင်အားကို အားကောင်းစေမည့် လမ်းကြောင်းသည် လက်ရှိအခြေအနေတွင် တစ်ခုတည်းသော အမှန်ကန်ဆုံး ရွေးချယ်မှုပင်ဖြစ်ပြီး မြောက်ကိုရီးယားသည် မယိမ်းမယိုင် ဆက်လက် လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။