တရုတ်-ဂျပန် အဆင့်မြင့်နိုင်ငံရေးဆွေးနွေးပွဲကို ဘေကျင်းမြို့၌ ကျင်းပ

(GMT+08:00)2024-11-05 13:21:42  

နိုဝင်ဘာလ ၄ရက်နေ့က ဘေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိသည် ဂျပန်အစိုးရ အထူးအကြံပေးအရာရှိ၊ အမျိုးသားလုံခြုံရေးအတွင်းဝန်ရုံး အတွင်းရေးမှူးချုပ် Takeo Akiba နှင့်အတူ တရုတ်-ဂျပန် အဆင့်မြင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

ဝမ်ယိက တရုတ်-ဂျပန်ဆက်ဆံရေးသည် ကောင်းမွန်စေရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး သော့ချက်အဆင့်သို့ ရောက်ရှိနေကြောင်း၊ နှစ်ဖက်တို့သည် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်အရ တရုတ်-ဂျပန်ဆက်ဆံရေးကို ကောင်းမွန်စေပြီးဖွံ့ဖြိုးတိုးတက်စေ သော မှန်ကန်သည့်ဦးတည်ချက်ကို ဆွဲကိုင်သင့်၍ ခေတ်သစ်လိုအပ်ချက်နှင့် ကိုက်ညီသော အပြုသဘောဆောင်ပြီးတည်ငြိမ်သော တရုတ်-ဂျပန်ဆက်ဆံရေးကို ထူထောင်သင့်ကြောင်း၊ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံအပေါ် ပကတိအတိုင်း ဆင်ခြင်မှုရှိသည့် သိမြင်မှုနှင့် နားလည်သောသဘောထား ရှိသင့်ပြီး ထိုင်ဝမ်ပြဿနာအပေါ် ပြုလုပ်သောနိုင်ငံရေး ကတိကဝတ်များကို လိုက်နာသင့်ကာ တရုတ်-ဂျပန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ထိရောက်စွာ ထိန်းသိမ်းသင့်ကြောင်း၊ လက်တွေ့ကျသောဆောင်ရွက်ချက်များဖြင့် “ပူးပေါင်း ဆောင်ရွက်ရေးမိတ်ဖက်များ အပြန်အလှန်ဖြစ်ပြီး ခြိမ်းခြောက်မှု အပြန်အလှန်မဟုတ်သော” အရေးကြီးသဘောတူညီချက်ကို အကောင်အထည်ဖော်သင့်ပြီး နှစ်ဖက်ဆက်ဆံရေးကို ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။