ရှီကျင့်ဖိန်သည် ဟူပေပြည်နယ်သို့ သွားရောက်လေ့လာ ကြည့်ရှု

(GMT+08:00)2024-11-05 16:43:33  

    ယခုလ ၄ရက်နေ့ ညနေပိုင်းမှ ၅ရက်နေ့ နံနက် အထိ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဟူပေ ပြည်နယ် ရှော့ကိုင်မြို့နှင့် ရှန်နင်မြို့သို့ သွားရောက်ပြီး ဒေသခံ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်မှု၊ သုတေသနပြုမှုနှင့် အသုံးပြုမှု အားဖြည့် ဆောင်ရွက်ရေးနှင့် ကျေးလက်ဒေသ ဘက်စုံ ရှင်သန်ရေး ဖော်ဆောင်မှု အကြောင်းအရာများ ကို သိရှိရန် ယွင်မုန့် ခရိုင် ပြတိုက်၊ ကျားယွီ ခရိုင် ဖန်ကျား မြို့နယ် ဟင်းသီးဟင်းရွက် ဈေးတန်းနှင့် စိယိရွာတို့ကို လေ့လာကြည့်ရှုခဲ့သည်။