Air France သည် ပင်လယ်နီဒေသကို ဖြတ်သန်းသည့် ပျံသန်းမှု ရပ်ဆိုင်းကြောင်း ကြေညာ

(GMT+08:00)2024-11-04 14:31:12  

နိုဝင်ဘာလ ၃ ရက်နေ့က ဆူဒန်နိုင်ငံ၏ ကောင်းကင် တွင် တောက်ပနေသည့် အရာဝတ္ထုတစ်ခုကို ထောက်လှမ်းတွေ့ရှိမှုကြောင့် အရှေ့အာဖရိကသို့ Air France လေကြောင်းလိုင်း အများအပြားသည် ပျံသန်းမှု လမ်းကြောင်းများ ပြောင်းလဲသွားခဲ့ကြောင်း၊ အချို့သော လေယာဉ်သည် လှည့်ပြန်သွားခဲ့ကြောင်း CMG သတင်းအရ သိရပါသည်။ ကြိုတင်ကာကွယ်မှု စည်းမျဉ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် နောက်ထပ်သတိပေးချက်မရသေးမီအထိ ပင်လယ်နီဒေသကို ဖြတ်သန်းသည့် ပျံသန်းမှု ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း Air France က ပြောကြားခဲ့သည်။