အစ္စရေးနိုင်ငံတော်ကာကွယ်ရေးတပ်ဖွဲ့သည် နိုဝင်ဘာလ ၃ရက်နေ့က ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာတွင်၊ အစ္စရေးနိုင်ငံတော်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Herzi Halevi၏ ဖိတ်ကြားချက်အရ အမေရိကန်ဗဟို စစ်ဦိးစီးဌာန တပ်မှူး Erik Kurillaသည် အောက်တိုဘာလ ၃၁ရက်နေ့က အစ္စရေးသို့ ရောက်ရှိခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ဒေသတွင်း မဟာဗျူဟာလုံခြုံရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းတုံ့ပြန်မှုစသော အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခရီးလှည့်လည်ရာတွင် Kurillaသည် အစ္စရေးပြည်တွင်း၌ အမေရိကန် နောက်ဆုံး ချထားသော “THAAD” ဒုံးကျည် ကာကွယ်ရေးစနစ်ကို လေ့လာစစ်ဆေးခဲ့ပါသည်။