တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမနေရာတွင်တည်ရှိပြီး၊ ယခုနှစ်တွင် တရုတ်နိုင်ငံမှ Internet of Things ချိတ်ဆက်မှုပမာဏသည် ၃ ဘီလီယံကျော်နိုင်ဖွယ်ရာရှိ

(GMT+08:00)2024-11-04 14:19:34  

ယခုလ ၃ ရက်နေ့က ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ Internet of Things ညီလာခံတွင် ကမ္ဘာ့ ပထမဆုံးသော "ကမ္ဘာ့အရာတိုင်းကို ဉာဏစွမ်းရည်ဖြင့် ချိတ်ဆက်မှု ဆိုင်ရာ ဒစ်ဂျစ်တယ် စီးပွားရေး စက္ကူဖြူစာတမ်း"ကို ထုတ်ပြန်ခဲ့ပြီး၊ ယခုနှစ်တွင် တရုတ် နိုင်ငံမှ Internet of Things  ချိတ်ဆက်မှု ပမာဏသည် ၃ ဘီလီယံ ကျော်နိုင်ဖွယ်ရာရှိ သည်ဟု အချက်အလက်များအရသိရပါသည်။

ကမ္ဘာ့ Internet of Things ညီလာခံ အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ He xu ming က တရုတ်နိုင်ငံသည်  Internet of Things အခြေခံအဆောက်အအုံတည်ဆောက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးတီထွင်ဖန်တီးမှုဖွံ့ဖြိုးရေးနယ်ပယ်များတွင် ကမ္ဘာ့ ပထမနေရာ၌ တည်ရှိကြောင်း၊ ယခုနှစ်တွင် Internet of Things သယ်ဆောင်သည့် 5G အခြေခံစခန်း ၄သန်း ၃သိန်းကို တည်ဆောက်ရန်၊ Internet of Things  ချိတ်ဆက်မှုပမာဏ ၃ ဘီလီယံကျော်နိုင်ရန် မျှော်လင့်ချက်ရှိကြောင်း ပြောကြားခဲ့ပါသည်။