လက်ဘနွန်မှ လူသားချင်းစာနာထောက်ထားမှု အခြေအနေသည် ၂၀၀၆ ခုနှစ် ပဋိပက္ခ ဖြစ်ပွားချိန်ကထက် ပိုမို ဆိုးရွားကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ ဖော်ပြ

(GMT+08:00)2024-11-04 14:14:16  

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ မကြာခင်က နောက်ဆုံးအစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ရာ အစ္စရေးအနေနှင့် လေကြောင်းမှ တိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် လက်ဘနွန်မှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေသည် ၂၀၀၆ ခုနှစ်က လက်ဘနွန်နှင့် အစ္စရေးတို့ကြား ကြီးမားသော ပဋိပက္ခ ဖြစ်ပွားခဲ့သည့်အချိန်ကထက် ပိုမိုဆိုးရွားကြောင်း ဖော်ပြထားသည်။ လက်ဘနွန်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အီရန်-ရီဇာက အရပ်သားများနှင့် အခြေခံအဆောက်အအုံများကို ရည်မှန်းထားသော တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်ကြသော ဘက်အသီးသီးအားလုံးအနေနှင့် ရန်လိုမှုများ ရပ်တန့်ပြီး ပြည်သူများကို အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။